Win innwa unicode ထွက်တာ ကြာပြီဆိုပေမယ့် download size ကြီးတော့ ဟိုတစ်နေ့ကမှ speed မြန်တုန်းလေးမှ download လုပ်ဖြစ်တယ်။ သုံးရတာကောင်းပါတယ်။ unicode 5.1 fontတွေနဲ့ character compatible ဖြစ်ပါတယ်။
မကောင်းချက်
၁။ ရရစ်ကို အရင်ရိုက်နေရ တယ်။ (အဟောင်း ကြိုက်သူများ၏အားပေးမှု ရမည်။) I don’t like it. so ugly. People should type as they write.
၂။ ဂျေ (j) နေရာရှိ ရရစ် နဲ့ အားလုံးရပေမယ့် ရှေးက ဝင်းfont တွေရဲ့ လက်ကွက်မှာလို ရရစ်ပေါင်း တစ်သောင်း ခြောက်ထောင် ထည့်ထားတယ်။ (အဟောင်း ကြိုက်သူများ၏အားပေးမှု ရမည်။)
ဒီလိုပါပဲ အရင်တုန်းကလို စာလုံးတွဲတွေ (ဝဆွဲ-ဟထိုး လိုမျိုး တွေ) အားလုံး ထည့်ထားတယ်။ တစ်ခုချင်း ရိုက်လည်း ရပါတယ်။ backward compatible ဘာညာပြောလို့ရတာပေါ့လေ။
ကောင်းချက်
၁။ keyboard ပြောင်းဖို့ F7- F8 သုံးရတာ အဆင်ပြေတယ်။ Now, I don’t need to press ctrl+shift twice to switch between three keyboards, (Eng, zawgyi, mm-unicode). I can use ctrl+shift just for zawgyi and Eng from now on.
၂။ ဇော်ဂျီစတိုင် tilde key နဲ့ ပါဌ်ဆင့်ရိုက်ရတယ်။ good for Zawgyi users။
၃။ ရှေးက ဝင်းfont တွေရဲ့ လက်ကွက်အတိုင်းမို့ အဟောင်း ကြိုက်သူများ၏အားပေးမှု ရမည်။ for diehard conservatives
Generally, it’s quite good for an end user like me.
I like it
If you want to download, file location is as follows coz I don’t know where the web page of it is. http://winmyanmar.myanmars.net/winnwa5.2.exe 10.32 MB