»
S
I
D
E
B
A
R
«
Why Does Time Flies By As You Get Older
Mar 10th, 2010 by dathana
Unicode Version
ဟိုတစ်နေ့က Slashdot က post တစ်ခုမှာ တွေ့တာလေးပါ။ ကျွန်တော်တို့ အသက်ကြီးလာရင် အချိန်တွေကုန်တာ မြန်တယ် ငယ်ငယ် တုန်းကလိုမဟုတ်ဘူး လို့ ပြောကြတယ်လေ။ တကယ်ပါပဲ။ ကျွန်တော်ဆို ၁၀တန်းရောက်တဲ့ထိ ၁၀နှစ် လောက်ကာလဟာ အကြာကြီးရှိခဲ့သလိုပဲ။ အခု အသက် ၃၀ ဝန်းကျင်မှာ ၁၀နှစ်က ခဏလေး ဖြုတ်ဖြုတ်နဲ့ ကုန်သွားရော။
သူတို့ research တွေအရ အယူအဆ နှစ်ချက်ရှိတယ်တဲ့။
အယူအဆ ၁။ အသက်ကြီးလာရင် ဦးနှောက်ထဲက clock speed ကနှေးသွားတယ်။ လူငယ်တွေကို စိတ်ထဲကနေ တစ်မိနစ် ပြည့်လောက်တဲ့အချိန် မှန်းပြီး ပြောခိုင်းတော့ စက္ကန့် ၆၀ ပတ်ဝန်းကျင်လောက် မှာ ပြောကြတယ်။ အသက်၇၀လောက် လူကြီးတွေကျ စက္ကန့် ၉၀လောက် မှာပြောကြတယ်။
အယူအဆ ၂။ ငယ်ငယ်တုန်းကတော့ အရာရာဟာ အသစ်အဆန်း တွေမို့ ဦးနှောက်ထဲကို ရေးမှတ်ရတာတွေ အများကြီးပဲတဲ့။ အဲတော့ အများကြီးပေါ့။ ကြီးလာတော့ တွေ့ကြုံပြီးသားတွေဆိုရင် ဦးနှောက်ထဲကို ထပ်ရေးစရာ မလိုတောဘူးတဲ့။ (data တူတာတွေစုပြီး compress လုပ်တဲ့ algorithm မျိုး ယူဆကြပုံရတယ်။ :P ) အဲတော့ အချိန် တွေတိုတယ်လို့ ခံစားရတယ်တဲ့။
ကျွန်တော့်အမြင်ကတော့ ကျွန်တော်ဆို အသက် ၂၀ နဲ့ ၃၀ ကြားဆို အတွေ့အကြုံအသစ်က အရမ်းများတယ်။ နိုင်ငံခြားမှာ လူမျိုးခြားတွေ၊ စကားအသစ်တွေပြောရ၊ ပညာရပ် အသစ်တွေ လေ့လာရ၊ အခက်အခဲတွေ ကြုံရ ဖြေရှင်းရ။ စုံနေတာပဲ။ ၁၀တန်းမတိုင်ခင်ကဆို ဒီကျောင်း ဒီစံနစ် ဒီလူ ဘာမှ ထူးခြားတာ မရှိဘူး။ ဒါပေမယ့်လည်း ၁၀တန်းရောက်တဲ့ထိ ၁၀နှစ် လောက်ကာလဟာ အကြာကြီးရှိခဲ့သလိုပဲ။ ၂၀ နဲ့ ၃၀ ကြားကာလက မြန်သလိုပဲ။ အဲတော့ အယူအဆ ၁ ကပိုပြီး မှန်မှာပေါ့။ မဟုတ်ဘူးလား။ What do you think? Let me know your opinion.
အယူအဆ 2 ဆိုရင်တော့ ခရီးတွေဘာတွေ သွားရင် အဖြစ်အပျက်တွေများတော့ ၂ ရက်ကြာတာကို ၃ ရက်လောက်ကြာတယ်လို့ ခံစားရတာမျိုး ရှိတတ်ပါတယ်။
solar eclipse
Jan 15th, 2010 by dathana
solar eclipse: yangon 3:20 pm
solar eclipse: yangon 3:20 pm 2010 Jan 15
solar eclipse: yangon 3:10 pm
solar eclipse: yangon 3:10 pm 2010 Jan 15
Happy birthday aunty Su.
Jun 18th, 2009 by dathana
Happy 64th birthday to aunty Su. Wishing you all the success and freedom.!!!!!!!!!
aunty su
aunty su
Images taken from http://www.irrawaddy.org/artwork.php
Thingyan girls ;)
Apr 16th, 2009 by dathana
Today’s Thingyan scene at InnYa. :)
thingyan
thingyan
thingyan
thingyan
thingyan
Thingyan wish
Apr 15th, 2009 by dathana
I wish all of my readers
a wonderful Thingyan with lots of fun. May the New Year brings success
to Burmese activists fighting against the dictator. 
padauk flower
untitled
Apr 7th, 2009 by dathana
I don’t know how many new readers found my blog, but spammers found it quickly. Now I’m getting regular spam comments everyday. I will turn on moderation temporarily until I get time to install spam filter plug-in. Anyway… here is something I wrote yesterday remembering a girl in my heart 15 years ago. :)
ရှိချင်တာရှိ၊ သေချာတာက အသက်ရှင်နေတာ တစ်သတ်မှတ်ထဲ၊ ညည်းငွေ့စရာကောင်းလောက်အောင် ထပ်ပြန်တလဲလဲ dreamt that I’ll be always alive with vampiric blood filled heart for you… နောက်ဆုံးမှာတော့ ငါ့ရဲ့ ချစ်ခြင်းတရားဟာ အဖျားရောၐါ တစ်ခုလို မင်းရဲ နှလုံးသားထဲ ဝင်ရောက်လာခဲ့မယ်။ မင်းရဲ့ ချစ်ခြင်းတွေကလည်း ငါ့ရဲ့ သွေးကြောတလျှောက် ထက်ရှတဲ့ အပ်ဖျားလို စိုက်ဝင် စီးဆင်းနေဆဲပဲ။ ချစ်လေးရေ… လွဲမှားခြင်းတွေ၊ ချစ်ခြင်းရဲ့ လှည့်ဖြားမှုတွေ နောက်ထပ် မလိုချင်တော့ဘူး။ ဝေဝေဝါးဝါး ခံစားချက်တွေထဲမှာ ငါပိတ်မိနေတာ ကြာခဲ့ပြီ။ ငါတို့တွေ မေ့လျှော့ပြီး အဆိပ်ငွေ့တွေ ရှူရှိုက်ခဲ့ကြတယ်လေ။ မရေရာခြင်းတွေနဲ့ လုံးထွေးရစ်ပတ်နေတဲ့ နေ့တွေ၊ ကိုယ့်ကိုယ်ကို ပြန်ရှာ မတွေ့တဲ့ နေ့တွေ၊ များလွန်းလှပြီ။ ငါတို့​တွေရဲ့ ကမ္ဘာမြေ အလှမဲ့လာနေသလား။ ချစ်လေးရေ… ငါတို့ အိပ်မက်တွေကို လက်မလျှော့စတမ်း။ လက်မလျှော့စတမ်း။
Zawgyi-one converter and my blog name
Mar 25th, 2009 by dathana
I’m not feeling happy these days. I have this and that ongoing and pending works, and problems arises from here and there, that’s why works didn’t go well smoothly and finally I have been  angry most of the time. Anyway, I just want to say a few things I need to mention.
I inserted the zawgyi-one converter to my blog. I got the script from mm bloggers help desk. (Thanks ko Mhaw-saya for the link). I don’t know who wrote the code. I’m so thankful to them. Actually, they should mention the coder’s name, license and blah blah blah in script file as most of the java script writers do. Since I changed the preferred font to Padauk, I placed it into my webhost.  Hope all zawgyi-one users can read my   Burmese posts now. But I want everybody to switch to Padauk/myanmar3 (Unicode 5.1 compliant fonts).   Because, it is sooooo much easier to type.  And I want to say “Standard font ကိုသုံးခြင်းဖြင့် ၐုဏ်ယူပါ။ :)
By the way, I dubbed my new blog “Ancient Ghost”. Reason one is that there are many many similar blog names like mine these days (although I am the first one.) There are lots of blogs names ending with  ”… ရာ” nowadays. Another reason is that I want to keep my old blog with that name and make this blog as new separate blog. (But I may not write new post on old blog.)
And. . . the connection is slow slow slow. They said it was temporary during the maintenance works for fiber optic cable. Hope it is true.
Myanmarsa
Feb 27th, 2009 by dathana
ဒီBlog အသစ်မှာတော့ မြန်မာစာကို Unicode standard နဲ့ ပိုကိုက်ညီတဲ့ font ကိုပဲ သုံးပါတော့မယ်။ အရင်ကတည်းကလည်း zawgyi-one သုံးချင်တာမဟုတ်ပါဘူး။ အဲဒီတုန်းကfont ကိစ္စတော်တော် စဉ်းစားခဲ့သေးတာ။ myanmar1 စထွက်တော့ စာလုံးက လုံးဝမလှတာရယ် စာရိုက်ရတာ အဆင်မပြေတာရယ်၊ final မဟုတ်သေးဘူး ဆိုတာရယ်တွေ ကြောင့် မသုံးဖြစ်ခဲ့ဘူး။ ပိတောက်ကတော့ Linuxအတွက်ကောင်းပြီး windows မှာ browser ရွေးလို့။ ဒါနဲ့ zawgyi-one ကိုတော့ အများက သုံးနေတော့လည်း သုံးဖြစ်သွားခဲ့တယ်။ zawgyi-oneကို popular ဖြစ်စေခဲ့တာကတော့ planet website ပဲထင်တယ်။ သူက အဲဒီကာလ မြန်မာ website ထဲမှာ နံပါတ်တစ် ဆိုတော့ လွှမ်းမိုးမှု ရှိတာပေါ့လေ။ zawgyi-oneက စာလုံးလှတော့ အများသုံးလို့ရတဲ့ အခြေအနေကို ချက်ချင်း ရောက်သွားတယ်။
အခု ဒီစာကို padauk နဲ့ရိုက်ထားပေမယ့် myanmar3တို့ myMyanmarတို့ နဲ့လည်း ဖတ်လို့ရပါတယ်။ (compatible ဖြစ်တယ်ပေါ့။) တကယ်ဆို အခု ကျွန်တော် padauk font ရွေးပြီး myanmar3 ကပေးတဲ့ keyman keyboard နဲ့ရိုက်ထားတာပါ။ နဲနဲ အူကြောင်ကြောင် နိုင်ပေမယ့် padauk ကိုနဲနဲပိုလှတယ် လို့ထင်ပြီး input အတွက် myanmar3 keyboard နဲ့ အဆင်ပြေနေလို့ပါ။
Here are how these fonts look like on my pc…
Padauk
Myanmar3
MyMyanmar
Download Links:
Padauk font download
http://www.myanmarnlp.net.mm/
http://www.myanmars.net/unicode/
Download Myanmar3 Unicode font.
MyMyanmar
နောက်တစ်ခုကတော့ မြန်မာ font converter လေးပါ။ font အမျိုးအစား အစုံကို ပြောင်းပေးနိုင်ပါတယ်။ I’m very greatful to those who made it. :)
These__lyrics
Feb 25th, 2009 by dathana
ဟိုတလောက RSS feedတွေ twitter feed တွေထဲမှာ တစွန်းတစတော့ တွေ့ဖြစ်လိုက်တယ်။ ခေါင်းစဉ်လောက်ပဲ ကြည့်ပြီး စိတ်မဝင်စားဘူးဆိုပြီး ကျော်သွားခဲ့လိုက်တာ အခု ကလိုစေးထူး ဖတ်ကြည့်မှပဲ ဒီလောက်တောင်ပဲလားလို့ အံ့ဩရတယ်။ ဟာ… အဲဒီလောက်တောင် သီချင်းစာသားက အောက်တန်းကျတာ ကမ်းကုန်တယ်။
ဆိုးတာက ဒီလိုသီချင်းကို ရှုတ်ချရကောင်းလား ဆိုပြီး ဆောင်းပါးရေး၊ blog ရေးကြတာတွေပဲ။ blog တစ်ခုရဲ့ခေါင်စဉ်ကို တွေ့လိုက်သေးတယ် ဘာတဲ့ မြန်မာတွေက လွတ်လပ်မှု ကိုလက်မခံဘူး ဆိုလား ဘာဆိုလား ပါပဲ။ အဲဒီလိုပြောတဲ့လူတွေဟာ လွတ်လပ်ခြင်းဆိုတာ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လုပ်ချင်တာလုပ်တာ လို့ ထင်နေပုံရပါတယ်။ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးလည်း တကယ်ဆို လိုအပ်ပါတယ်။ နအဖ
သုံးတာနဲ့ ဆန့်ကျင်ရမယ်လို့တော့ မဟုတ်သေးဘူး။ နအဖကိုသာ ဒီစကားလုံးကို မတန်မရာ မသုံးနဲ့လို့ ပြောရမှာ။
ထားပါတော့။ ကလိုစေးထူး ရေးထားတာ ပိုပြည့်စုံတာမို့ ဖတ်ကြည့်စေချင်ပါတယ်။ http://klosayhtoo.blogspot.com/2009/01/vs.html
Hello world!
Feb 23rd, 2009 by dathana
Welcome to WordPress. This is your first post. Edit or delete it, then start blogging!
»  Substance: WordPress   »  Style: Ahren Ahimsa