»
S
I
D
E
B
A
R
«
Chrome plus
September 9th, 2009 by dathana

chrome iconခေါင်းစဉ်က တစ်ခုတည်းတပ်ထားပေမယ် chrome browser နဲ့ပါတ်သတ်တာလေးတွေ topic သုံးခုလောက် ပြောစရာရှိပါတယ်။
Chrome plus

အားလုံးသိကြတဲ့အတိုင်း Chromium ဆိုတာကတော့ open source project လေ။ အဲ ဒါကနေမှ chrome plus ဆိုတာကို လုပ်ထားတာပါ။ [via ghacks] လောလောဆယ် version က Chromium version 3.0.193 ကို အခြေခံပါတယ်။ google official chrome ထက်ပိုကောင်းတာကတော့ အဓိကအားဖြင့် mouse gesture ပါပဲ။ link တစ်ခုကို new tab မှာဖွင့်ချင်ရင် link ကို ဘေးနားတစ်နေရာရာကို drag လုပ်ရုံ ပါပဲ။ back ကိုသွားချင်ရင် right click ကို ဘယ်ဘက်ကို drag လုပ်ပါ။ forward ဆို ညာဘက် ဆွဲ။ close tab ဆို လည်း အောက်ညာဘက် ကိုဆွဲရုံပဲလေ။ နောက် IE tab ဆိုတာက တချို့ webpage တွေက IE နဲ့မှ အဆင်ပြေမယ်ဆိုရင် icon လေးနဲ့ ပြမယ်တဲ့။


နောက်ထပ် အကျိုးကျေးဇူးတစ်ခုကတော့ နောက် topic မှာဆက်ပြောမယ်။

Chrome download

တစ်ချို့ software တွေက ဘာသဘောလဲကိုမသိဘူး၊ installer package အပြည့် download ပေးမလုပ်ဘူး။ သေးသေးလေး တစ်ခု download လုပ်ရတယ်။ အဲ့ဒါလေး ဖွင်လိုက်ရင်မှ သူက တကယ့် software ကို သူဟာသူ download လုပ် ပြီး install လုပ်သွားတယ်။ အကျိုးမဲ့တာတော့ မပြောနဲ့တော့။ connection မကောင်းလို့ ပြီးခါနီး တန်းလန်းကြီး ရပ်သွားရင် ပြီးရော။ အစကပြန်စ။ နောက် installer ကို သိမ်းထားလို့ မရဘူး။ (တစ်ချိုဟာတွေတော့ temp ထဲမှာ သွားရှာလို့ရဖူးတယ်။)


ကဲ… chrome installer ကို သိမ်းထားချင်ရင်တော့ chrome plus လေးက ပြေလည်စေပါလိမ့်မယ်။


မနေ့ကမှ သိတာတစ်ခုက google official chrome ကိုလည်း download လုပ်လို့ရ ဆိုပဲ။ ဒီလိုလုပ်ရတယ်တဲ့။ URL မှာ standalone=1 ဆိုတာ ထည့်ပေးရတယ်တဲ့။


Latest official: http://www.google.com/chrome/eula.html?standalone=1
Latest beta: http://www.google.com/chrome/eula.html?extra=betachannel&standalone=1 [via ghacks]

ကျွန်တော်တော့ စမ်းမကြည့်ပါဘူး။ chrome plus ရှိသားပဲ။

Portable Chrome

ကျွန်တော်အကြိုက်ဆုံးကတော့ Portable ဖြစ်တဲ့ဟာပဲ။ browser တွေမှာ profile က အရေးကြီးပါတယ်။ windows reinstall လုပ်လို့ပဲဖြစ်ဖြစ်။ computer အသစ်ဝယ်လို့ပဲ ဖြစ်ဖြစ်၊ internet ဆိုင်သွားလို့ပဲဖြစ်ဖြစ်၊ Portable Chrome လေးကတော့ အကောင်းဆုံးပါပဲ။ May your browser profile be always with you. :P
download portable-google-chrome-3-0-195-10
PS: နောက်မှ portable firefox လုပ်နည်းလေး ရေးပါအုံးမယ်။

Portable
Freeware

Zawgyi-one version

ေခါင္းစဉ္က တစ္ခုတည္းတပ္ထားေပမယ္ chrome browser နဲ့ပါတ္သတ္တာေလးေတြ topic သံုးခဳေလာက္ ေျပါစရာရွိပါတယ္။
Chrome plus
အားလံုးသိျကတဲ့အတိုင္း Chromium ဆိုတာကေတာ့ open source project ေလ။ အဲ ဒါကေနမွ chrome plus ဆိုတာကို လုပ္ထားတာပါ။ [via ghacks] ေလာေလာဆယ္ version က Chromium version 3.0.193 ကို အေျခခံပါတယ္။ google official chrome ထက္ပိုေကာင္းတာကေတာ့ အဓိကအားျဖင့္ mouse gesture ပါပဲ။ link တစ္ခုကို new tab မွာဖြင့္ခ်င္ရင္ link ကို ေဘးနားတစ္ေနရာရာကို drag လုပ္ရံု ပါပဲ။ back ကိုသြားခ်င္ရင္ right click ကို ဘယ္ဘက္ကို drag လုပ္ပါ။ forward ဆို ညာဘက္ ဆြဲ။ close tab ဆို လည္း ေအာက္ညာဘက္ ကိုဆြဲရံုပဲေလ။ ေနာက္ IE tab ဆိုတာက တခ်ို့ webpage ေတြက IE နဲ့မွ အဆင္ေျပမယ္ဆိဳရင္ icon ေလးနဲ့ ျပမယ္တဲ့။ ေနာက္ထပ္ အက်ိုးေက်းဇဴးတစ္ခဳကေတာ့ ေနာက္ topic မွာဆက္ေျပါမယ္။

Chrome download
တစ္ခ်ို့ software ေတြက ဘာသေဘာလဲကိုမသိဘူး၊ installer package အျပည့္ download ေပးမလုပ္ဘူး။ ေသးေသးေလး တစ္ခု download လုပ္ရတယ္။ အဲ့ဒါေလး ဖြင္လိုက္ရင္မွ သူက တကယ့္ software ကို သူဟာသူ download လုပ္ ျပီး install လုပ္သြားတယ္။ အက်ိုးမဲ့တာေတာ့ မေျပါနဲ့ေတာ့။ connection မေကာင္းလို့ ျပီးခါနီး တန္းလန္းျကီး ရပ္သြားရင္ ျပီးေရာ။ အစကျပန္စ။ ေနာက္ installer ကို သိမ္းထားလို့ မရဘူး။ (တစ္ခ်ိုဟာေတြေတာ့ temp ထဲမွာ သြားရွာလိဳ့ရဖဴးတယ္။) ကဲ… chrome installer ကို သိမ္းထားခ်င္ရင္ေတာ့ chrome plus ေလးက ေျပလည္ေစပါလိမ့္မယ္။ မေန့ကမွ သိတာတစ္ခုက google official chrome ကိုလည္း download လုပ္လို့ရ ဆိုပဲ။ ဒီလိုလုပ္ရတယ္တဲ့။ URL မွာ standalone=1 ဆိဳတာ ထည့္ေပးရတယ္တဲ့။
Latest official: http://www.google.com/chrome/eula.html?standalone=1
Latest beta: http://www.google.com/chrome/eula.html?extra=betachannel&standalone=1
ကြ်န္ေတာ္ေတာ့ စမ္းမျကည့္ပါဘဴး။ chrome plus ရွိသားပဲ။

Portable Chrome
ကြ်န္ေတာ္အျကိုက္ဆံုးကေတာ့ Portable ျဖစ္တဲ့ဟာပဲ။ browser ေတြမွာ profile က အေရးျကီးပါတယ္။ windows reinstall လုပ္လို့ပဲျဖစ္ျဖစ္။ computer အသစ္ဝယ္လို့ပဲ ျဖစ္ျဖစ္၊ internet ဆိုင္သြားလို့ပဲျဖစ္ျဖစ္၊ Portable Chrome ေလးကေတာ့ အေကာင္းဆံဳးပါပဲ။ May your browser profile be always with you. :P download portable-google-chrome-3-0-195-10
PS:
ေနာက္မွ portable firefox လုပ္နည္းေလး ေရးပါအံဳးမယ္။ Portable Freeware


Comments are closed

»  Substance: WordPress   »  Style: Ahren Ahimsa