နေ့ရက်များ စိတ်တွေ ဖရိုဖရဲနဲ့ အချိန်ရထားပေါ် ကျပ်ကျပ်သပ်သပ် ရင်ထဲကအပူကြောင့် ရာသီဥတု အပူကို ထပ်မခံစား နိုင်သေးဘူး သူတို့ပြောတဲ့စကားတွေဟာ ငါ့အတွက်တော့ ဆူညံသံသက်သက် အသုံးမကျတာတွေ လုံးဝ ခေါင်းထဲ မထည့်လိုတော့ပါ တစ်နေ့စာ ရလဒ်ကို မှန်ထဲမှာပြန်ကြည့်တော့ သွန်ထုတ်ပြစ်စရာတွေ အများကြီးပဲ ဘာတွေဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ စိတ်ထဲမှာမှောင်မဲ ရင်တွေကွဲလို့ တစ်ပတ်ရစ်အပျော်လေးတွေနဲ့ မနက်ဖြန်ကို ခန်းစီးဖွင့်လို့ ငါကြိုရဦးမယ်။ DTN
Zawgyi-one version