ဆိုးတာက ဒီလိုသီချင်းကို ရှုတ်ချရကောင်းလား ဆိုပြီး ဆောင်းပါးရေး၊ blog ရေးကြတာတွေပဲ။ blog တစ်ခုရဲ့ခေါင်စဉ်ကို တွေ့လိုက်သေးတယ် ဘာတဲ့ မြန်မာတွေက လွတ်လပ်မှု ကိုလက်မခံဘူး ဆိုလား ဘာဆိုလား ပါပဲ။ အဲဒီလိုပြောတဲ့လူတွေဟာ လွတ်လပ်ခြင်းဆိုတာ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လုပ်ချင်တာလုပ်တာ လို့ ထင်နေပုံရပါတယ်။ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးလည်း တကယ်ဆို လိုအပ်ပါတယ်။ နအဖ သုံးတာနဲ့ ဆန့်ကျင်ရမယ်လို့တော့ မဟုတ်သေးဘူး။ နအဖကိုသာ ဒီစကားလုံးကို မတန်မရာ မသုံးနဲ့လို့ ပြောရမှာ။
ထားပါတော့။ ကလိုစေးထူး ရေးထားတာ ပိုပြည့်စုံတာမို့ ဖတ်ကြည့်စေချင်ပါတယ်။ http://klosayhtoo.blogspot.com/2009/01/vs.html